EN

ပိုငယ်ရွယ်သော ပရိသတ်

အရွယ်မရောက်သေးသူများနှင့် ငယ်ရွယ်သူများအား ဘေးကင်းလုံခြုံစွာ ထားရှိရေးအတွက် ပိုမိုအားကောင်းခိုင်မာသော ကာကွယ်မှုများကို အသေအချာပြုလုပ်ရန်မှာ အရေးကြီးကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် အသက်အရွယ်အလိုက် သင့်လျော်မည့် ကိုယ်ရေးလုံခြုံမှုဆက်တင်များနှင့် ထိန်းချုပ်မှုများကို ပံ့ပိုးပေးရန် ကိုယ်ရေးလုံခြုံမှုလုပ်ဆောင်ချက်များနှင့် တူးလ်များကို မိတ်ဆက်ထည့်သွင်းခဲ့ပါသည်။

ဆယ်ကျော်သက်များအတွက် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကောက်နုတ်ဖော်ပြချက်များ

သင်က TikTok ကို အသုံးပြုသောအခါ ကျွန်ုပ်တို့သည် သင့်အကြောင်း အချက်အလက်များကို စုဆောင်းရယူသည်။ ကျွန်ုပ်တို့ ကောက်ခံမည့် အချက်အလက်များနှင့် ၎င်းတို့ကို အသုံးပြုပုံအကြောင်း အသားပေးဖော်ပြရန် ဤစာမျက်နှာကို ဖန်တီးထားပါသည်။

ပို၍ အသေးစိတ်ရှင်းပြနိုင်ရန်နှင့် သင်၏ အချက်အလက်များကို အသုံးပြုပုံဆိုင်ရာ ဥပမာအချို့ကို မျှဝေပေးရန် ဗီဒီယိုအချို့ကိုလည်း ပြုလုပ်ထားပါသည်။ အသေးစိတ် ပြည့်ပြည့်စုံစုံသိနိုင်ရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ကြည့်ရှုပါ။

သင်သည် TikTok ကို အသုံးပြုရန် အနည်းဆုံး အသက် 13 နှစ်ပြည့်ပြီး ဖြစ်ရမည်။ သင်က အသက် 18 နှစ် မပြည့်သေးလျှင် သင်သည် TikTok ကို စတင်အသုံးမပြုမီ သင်၏ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ အသိပေးပြောကြားသင့်သည်။

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်

ကျွန်ုပ်တို့သည့် သင့်အကြောင်း အောက်ပါအချက်အလက်များကို စုဆောင်းရယူနိုင်သည်

  • သင် ကျွန်ုပ်တို့ထံ ပေးအပ်သော အချက်အလက်များ။ ၎င်းတွင် သင် အကောင့်ဖွင့်သောအခါ၊ ဗီဒီယို၊ အသံ သို့မဟုတ် မှတ်ချက်ကို ပို့စ်တင်သောအခါ၊ သို့မဟုတ် စစ်တမ်းတွင် ပါဝင်ဖြေဆိုသောအခါ သင် ပေးအပ်သည့် အသေးစိတ်အချက်များ ပါဝင်သည်။
  • သင်၏ TikTok အသုံးပြုပုံအကြောင်း ကျွန်ုပ်တို့ စုဆောင်းရယူသော အချက်အလက်များ။ ၎င်းတွင် သင် ကြည့်ရှုသော ဗီဒီယိုများနှင့် ကြော်ငြာများ၊ သင် ဖော်လိုလုပ်ထားသော အကောင့်များနှင့် သင် TikTok အသုံးပြုသည့်ကြာချိန်ဆိုင်ရာ အသေးစိတ်အချက်များ ပါဝင်သည်။
  • သင်၏ စက်မှတစ်ဆင့် ကျွန်ုပ်တို့ စုဆောင်းရယူသော အချက်အလက်များ။ ၎င်းတွင် သင် အသုံးပြုနေသော စက်အမျိုးအစား (ဥပမာ- သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်)၊ သင်နေထိုင်သော နိုင်ငံ၊ သင့်စက်နှင့်သက်ဆိုင်သော သီးခြားအိုင်ဒီနံပါတ်တို့ ပါဝင်သည်။
  • သင်၏ TikTok အသုံးပြုပုံအပေါ် အခြေခံ၍ သင့်အကြောင်းကို ကျွန်ုပ်တို့ ခန့်မှန်းသိရှိမိသည့် အချက်အလက်များ။ ၎င်းသည် သင်၏ လက်ရှိ အသက်အရွယ်အုပ်စုနှင့် သင် စိတ်ဝင်စားသည်ဟု ကျွန်ုပ်တို့ ယူဆမိသောအရာများ ဖြစ်နိုင်သည်။
  • အခြားသူများက ကျွန်ုပ်တို့ထံ ပေးသော အချက်အလက်များ။ ၎င်းသည် TikTok ရှိ အခြားသူများ၊ လူမှုကွန်ရက် ပံ့ပိုးရေးကုမ္ပဏီများ (Facebook သို့မဟုတ် Google တို့ကဲ့သို့သော) နှင့် ကြော်ငြာရှင်များထံမှ ဖြစ်နိုင်သည်။

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်

သင့်အချက်အလက်များအား ကျွန်ုပ်တို့ အသုံးပြုပုံ

သင့်အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပုံ

ကျွန်ုပ်တို့တွင်ရှိသော သင့်အကြောင်း အချက်အလက်များကို ဥပဒေအရ ခွင့်ပြုထားသည့် နည်းလမ်းများဖြင့်သာ အသုံးပြုသည်။ ဆိုလိုသည်မှာ သင်၏ အချက်အလက်များကို အသုံးပြုခြင်းမှာ လျော်ကန်ကြောင်း ထောက်ခံပေးမည့် တရားဝင်အကြောင်းပြချက်တစ်ခု ရှိရမည်ဖြစ်သည်။

ဥပဒေအရ တရားဝင်အကြောင်းပြချက် ခြောက်ခုရှိသည်။ TikTok က အသုံးပြုသော ယေဘုယျအကျဆုံး အကြောင်းပြချက်သုံးခုမှာ-

  • စာချုပ်ချုပ်ရန်
  • တရားဝင် လုပ်ပိုင်ခွင့်
  • ခွင့်ပြုချက်
စာချုပ်ချုပ်ရန်

သင်က TikTok အက်ပ်ကို ဒေါင်းလုဒ်လုပ်သောအခါ သို့မဟုတ် အကောင့်တစ်ခု ဖွင့်သောအခါ သင်သည် ကျွန်ုပ်တို့နှင့် စာချုပ်ချုပ်ဆိုရာရောက်သည်။ ၎င်းစာချုပ်အရ သင်နှင့် ကျွန်ုပ်တို့သည် အချို့သောအရာများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သဘောတူကြသည်။ ကျွန်ုပ်တို့က လုပ်ဆောင်မည်ဟု သဘောတူသော အချို့အရာများကို လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို အသုံးပြုရန် လိုအပ်သည်။ ကျွန်ုပ်တို့က သင်၏ အချက်အလက်များကို အသုံးမပြုလျှင် သင်သည် TikTok ကို ပြည့်ပြည့်ဝဝ သုံးစွဲခံစားနိုင်မည် မဟုတ်ပါ။ ဥပမာ ကျွန်ုပ်တို့သည် သုံးစွဲသူတစ်ဦးစီအတွက် သီးသန့်အံဝင်အောင်လုပ်ထားသော သင့်အတွက် သတင်းစဉ်ကို ပေးအပ်နိုင်မည်မဟုတ်ပါ။

သင့်အချက်အလက်များနှင့် သင်၏ သင့်အတွက် သတင်းစဉ်

သင့်အချက်အလက်များနှင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းလမ်းညွှန်ချက်များ

တရားဝင် လုပ်ပိုင်ခွင့်

တရားဝင် လုပ်ပိုင်ခွင့်အတွက် လိုအပ်လာလျှင် ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို ဥပဒေအရ အသုံးပြုနိုင်သည် (အခြေခံအားဖြင့် သင့်အခွင့်အရေးများအပေါ် ဆိုးကျိုးတစ်ခုခု မသက်ရောက်စေဘဲ ရည်ရွယ်ချက်ကောင်းတစ်ခုဖြင့် သင်၏ အချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုခြင်းဖြစ်လျှင်)။ ဥပမာပေးရလျှင် ကျွန်ုပ်တို့အသိုင်းအဝိုင်း၏ ဘေးကင်းလုံခြုံမှုနှင့် ကောင်းကျိုးအဖြာဖြာကို ကာကွယ်ပေးရန်အတွက် သင်၏ အချက်အလက်များကို သုံးရန် တရားဝင် လုပ်ပိုင်ခွင့် ရှိသည်။ ၎င်းတွင် ပါဝင်နိုင်သည်မှာ TikTok ၌ သင်ပြုလုပ်သော အရာများသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းလမ်းညွှန်ချက်များကို မဆန့်ကျင်ကြောင်း သေချာစေရန် ၎င်းတို့ကို စစ်ဆေးသုံးသပ်ခြင်း ဖြစ်သည်။

ခွင့်ပြုချက်

သင်က 'ခွင့်ပြုချက်' ပေးလျှင် ကျွန်ုပ်တို့သည် သင်၏ အချက်အလက်များကို အသုံးပြုနိုင်သည်၊ ၎င်းသည်လည်း ဥပဒေအရ ခွင့်ပြုပေးခြင်းတစ်မျိုး ဖြစ်သည်။ ကျွန်ုပ်တို့က သင်၏ ခွင့်ပြုချက်ကို တောင်းဆိုလျှင် ကျွန်ုပ်တို့သည်-

  • တောင်းဆိုရသည့်အကြောင်းအရင်းကို သင်နားလည်ကြောင်း သေချာအောင် ပြုလုပ်မည်၊
  • သင်က ခွင့်ပြုချက်ပေးလျှင် ဖြစ်ပျက်လာမည့်အရာကို ရှင်းရှင်းလင်းလင်းသိစေမည်၊ ထို့အပြင်
  • နောက်ပိုင်းတွင် သင် စိတ်ပြောင်းနိုင်ပုံအကြောင်း သင့်အား သိစေမည်

သင့်အချက်အလက်များနှင့် အခြားအဖွဲ့အစည်းများ

သင့်အချက်အလက်များကို အခြားကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ကျွန်ုပ်တို့ မျှဝေသည့်အခါ

ကျွန်ုပ်တို့သည် သင်၏ အချက်အလက်တချို့ကို အခြားသော ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် မျှဝေနိုင်သည်။

  • ကျွန်ုပ်တို့သည် အချက်အလက်တချို့ကို ကျွန်ုပ်တို့အတွက် ဝန်ဆောင်မှုပေးသော အခြားကုမ္ပဏီများနှင့် မျှဝေသည်။ ၎င်းကုမ္ပဏီများသည် သင့်အချက်အလက်များကို ကျွန်ုပ်တို့ သိမ်းဆည်းနိုင်မည့် ဘေးကင်းလုံခြုံသော နေရာတစ်ခုကို ပေးခြင်းနှင့် TikTok တွင် သင့်အား ငွေပေးချေခွင့်ပြုခြင်းကဲ့သို့သော အရာများကို လုပ်ဆောင်ပေးသည်။
  • ကျွန်ုပ်တို့သည် အချက်အလက်တချို့ကို အခြားသော ပလက်ဖောင်းများ၊ အက်ပ်များနှင့် မျှဝေသည်၊ သို့သော် သင်က ကျွန်ုပ်တို့အား တောင်းဆိုမှသာလျှင် မျှဝေသည်။ ဥပမာ သင်၏ TikTok ဗီဒီယိုများကို အခြားပလက်ဖောင်းတစ်ခုတွင် ပို့စ်တင်ရန် "ဖော်ပြပါသို့ မျှဝေမည်" လုပ်ဆောင်ချက်ကို အသုံးပြုလျှင် သင် ထိုသို့ပို့စ်တင်နိုင်စေရန် ကျွန်ုပ်တို့သည် အချက်အလက်တချို့ကို ၎င်းပလက်ဖောင်းနှင့် မျှဝေသည်။
  • ကျွန်ုပ်တို့သည် အချက်အလက်တချို့ကို ကြော်ငြာသူများနှင့် ၎င်းတို့အား ပံ့ပိုးပေးသော ကုမ္ပဏီများထံ မျှဝေသည်။သို့မှသာ ၎င်းတို့သည် TikTok တွင် မိမိတို့၏ ကြော်ငြာများ အကျိုးရှိထိရောက်ပုံအကြောင်း နားလည်မည်ဖြစ်သည် (ဥပမာ ကြည့်ရှုသူဦးရေ၊ လိုက်ခ်ပေးသူဦးရေ၊ မှတ်ချက်ပေးသူဦးရေ သို့မဟုတ် ၎င်းတို့၏ ကြော်ငြာများကို မျှဝေသူဦးရေ၊ သို့မဟုတ် ၎င်းတို့၏ ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်သူဦးရေ)။ သင်က ခွင့်ပြုချက်ပေးမှသာလျှင် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကြော်ငြာသူများနှင့် မျှဝေသည်။
  • ကျွန်ုပ်တို့သည် သင့်အကြောင်း အချို့အချက်အလက်များကို ရဲဌာန၊ အရေးပေါ်ဝန်ဆောင်မှုများ သို့မဟုတ် အစိုးရအာဏာပိုင်များနှင့်လည်း မျှဝေနိုင်သည်။ကျွန်ုပ်တို့သည် ဥပဒေအရ လိုအပ်လာလျှင် သို့မဟုတ် ပြစ်မှုဖြစ်နိုင်ဖွယ် သံသယရှိခြင်း သို့မဟုတ် တစ်စုံတစ်ဦးက အပြင်းအထန် အန္တရာယ်ကျရောက်နိုင်ခြေရှိခြင်းကဲ့သို့ ခြွင်းချက်အခြေအနေများ၌ ထိုကဲ့သို့မျှဝေသည်။
သင့်အချက်အလက်များအတွက် သင့်အခွင့်အရေးများ

ဥရောပရှိ ဥပဒေများသည် သင့်အချက်အလက်များအတွက် သင့်အားအခွင့်အရေးများ ပေးထားသည်။ ၎င်းအခွင့်အရေးများနှင့် ၎င်းတို့ကို သင် အသုံးချနိုင်မည့်နည်းလမ်းအကြောင်း ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒ တွင် ရှင်းပြခဲ့ပြီးဖြစ်သည်။

သင်၏ အချက်အလက်များနှင့် ကိုယ်ရေးလုံခြုံမှုကို ထိန်းချုပ်ရန် သင် အသုံးပြုနိုင်သော တူးလ်များနှင့် ဆက်တင်များကိုလည်း ကျွန်ုပ်တို့ ဖန်တီးထားပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် တိုးတက်ကောင်းမွန်စေမည့်နည်းလမ်းများကို အစဉ်သဖြင့် ရှာဖွေလေ့လာနေပါသည်၊ ထို့ကြောင့် ၎င်းတူးလ်များနှင့် ဆက်တင်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ သင်၏ [ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှု ဒက်ရှ်ဘုတ်] (သင်၏ Me စာမျက်နှာမှတစ်ဆင့် ဝင်ကြည့်နိုင်သည်) ကို ကြည့်ရှုခြင်းဖြင့်၊ အကူအညီနှင့် ဘေးကင်းရေး စင်တာများကို စစ်ဆေးကြည့်ရှုခြင်းဖြင့် အပ်ဒိတ်များကို သိရှိအောင် ပြုလုပ်ပါ။

ကျွန်ုပ်တို့၏ တူးလ်များနှင့် ဆက်တင်များသည် သင့်အား အောက်ပါတို့ကို ပြုလုပ်နိုင်စေသည်။

  • သင်၏ ဗီဒီယိုများကို မည်သူက ကြည့်ရှုနိုင်ပြီး မှတ်ချက်ပေးနိုင်သည်ကို ထိန်းချုပ်နိုင်စေသည်
  • သင့်အကောင့်ကို မည်သူက ဖော်လိုလုပ်နိုင်ပြီး သင့်ထံ မည်သူက တိုက်ရိုက်မက်ဆေ့ချ် ပေးပို့နိုင်သည်ကို ထိန်းချုပ်နိုင်စေသည်
  • သင် မြင်တွေ့ရသော ကြော်ငြာများမှာ သင့်စိတ်ကြိုက်ဖြစ်၊ မဖြစ်ကို ထိန်းချုပ်နိုင်စေသည်
  • TikTok ကို သင်အသုံးပြုလိုသော ကြာချိန်ပမာဏအပေါ် ထိန်းချုပ်ခွင့်ပေးသည်
  • အချက်အလက်များကို ဒေါင်းလုဒ်လုပ်နိုင်စေသည်
  • သင်၏ ဗီဒီယိုများ၊ မှတ်ချက်များနှင့် အကောင့်ကို အချိန်မရွေး ဖျက်နိုင်စေသည်

သင့်အချက်အလက်များကို ထိန်းချုပ်ခြင်း

ဆယ်ကျော်သက်များအတွက် TikTok

ဆယ်ကျော်သက်များအတွက် TikTok

သင်သည် TikTok ကို အသုံးပြုရန် အနည်းဆုံး အသက် 13 နှစ်ပြည့်ရန် လိုအပ်သည်။ သင်က အသက် 18 နှစ်မပြည့်သေးလျှင် TikTok ၏ လုပ်ဆောင်ချက်တချို့ကို သင် မသုံးနိုင်ကြောင်း သို့မဟုတ် သင်၏ ဆက်တင်တချို့ကို မပြောင်းလဲနိုင်ကြောင်း သင် သတိပြုမိမည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့သည် သင့်အား ပျော်ရွှင်ဖွယ်ကောင်းသော၊ ဘေးကင်းလုံခြုံသော၊ သင့်အသက်အရွယ်နှင့် လိုက်လျောညီထွေဖြစ်သော နည်းလမ်းဖြင့် TikTok ကို အသုံးပြုစေလိုသောကြောင့် ဖြစ်သည်။

ဥပမာ သင်က အသက် 16 နှစ်မပြည့်သေးလျှင် သင့်အကောင့်ကို ပုံသေအားဖြင့် သီးသန့်အဖြစ် သတ်မှတ်သည်။ သင်က အသက် 16 နှစ် သို့မဟုတ် 17 နှစ် ဖြစ်လျှင် သင့်အကောင့်ကို စီစဉ်သတ်မှတ်ချိန်တွင် သီးသန့်အကောင့် သို့မဟုတ် အများမြင်အကောင့်ကို ကြိုက်ရာ ရွေးချယ်နိုင်သည်၊ သင်က ရွေးချယ်မှု မပြုလုပ်လျှင် သင့်အကောင့်ကို ပုံသေအားဖြင့် သီးသန့်အဖြစ် သတ်မှတ်သည်။

သင်သည် သီးသန့်အကောင့် ဖွင့်ပါက သင် ခွင့်ပြုသည့် လူများကသာ သင့်ကို ဖော်လိုလုပ်နိုင်သည်၊ သင့်ဗီဒီယိုများ၊ LIVE ဗီဒီယိုများ၊ ကိုယ်ရေးအကျဉ်း၊ လိုက်ခ်များအပြင် သင်က ဖော်လိုလုပ်သူ စာရင်းနှင့် သင့်ကို ဖော်လိုလုပ်သူ စာရင်းများကို ကြည့်နိုင်သည်။

သင်သည် အများမြင်အကောင့် ဖွင့်ပါက သင့်ပရိုဖိုင်နှင့် ဗီဒီယိုများကို TikTok သုံးသော သို့မဟုတ် မသုံးသော မည်သူမဆို (၎င်းတို့တွင် TikTok အကောင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) မြင်နိုင်မည်ဖြစ်ပြီး မျှဝေနိုင်သည့်အပြင် ၎င်းတို့သည် ရှာဖွေရေး အင်ဂျင်များ၊ ဘလော့ဂ်များ၊ ဆိုရှယ်မီဒီယာ ပို့စ်များနှင့် သတင်းဆိုက်များတွင် ပေါ်လာနိုင်သည်။

သင့်အကောင့်က သီးသန့်ဖြစ်စေ၊ အများမြင်ဖြစ်စေ သင်၏ အမည်၊ သုံးစွဲသူအမည်နှင့် ပရိုဖိုင်ဓာတ်ပုံတို့ကို TikTok သုံးသော သို့မဟုတ် မသုံးသော လူတိုင်းက အမြဲမြင်နိုင်မည်ကို သိထားပါ။ သင့်အကောင့်မှာ မည်သည့်အမျိုးအစားပင်ဖြစ်စေကာမူ သင့်ပို့စ်များကို မြင်နိုင်မှုအပေါ် လွတ်လပ်စွာ အမြဲကန့်သတ်နိုင်သည်၊ ကန့်သတ်လိုက်ပါက သင့်ပို့စ်များကို သင်ရွေးချယ်သော ပရိသတ်ကသာ မြင်နိုင်မည်ဖြစ်သည်။ သင်၏ ဗီဒီယိုဆက်တင်များ ပြောင်းလဲနည်းကို ဤနေရာတွင် ကြည့်ရှုပါ။

TikTok သုံးစွဲရာတွင် အကောင်းဆုံးအတွေ့အကြုံကို ရရှိရန် သင်လိုအပ်သော အချက်အလက်များအားလုံးအတွက် ကျွန်ုပ်တို့၏ လူငယ် ပေါ်တယ်ကို စစ်ဆေးကြည့်ရှုပါ။

ထို့ပြင် သင်က အသက် 18 နှစ်မပြည့်သေးသော TikTok သုံးစွဲသူ၏ မိဘဖြစ်လျှင် TikTok အကြောင်း၊ သင်နှင့် သင်၏ ဆယ်ကျော်သက်ကလေး ဖွင့်နိုင်သော မိသားစု ချိတ်ဆက်ခြင်း လုပ်ဆောင်ချက်ကဲ့သို့ တူးလ်များနှင့် ထိန်းချုပ်မှုများအကြောင်း သင်နားလည်စေရန် ကူညီပေးမည့် အချက်အလက်များနှင့် ရင်းမြစ်များအတွက် ကျွန်ုပ်တို့၏ အုပ်ထိန်းသူ၏ လမ်းညွှန်သို့ ဝင်ကြည့်ပါ။

ပိုမိုသိရှိလိုပါသလား။

ဤကိုယ်ရေးလုံခြုံမှု ကောက်နုတ်ဖော်ပြချက်များသည် သင်၏ အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပုံနှင့်ပတ်သက်၍ သင့်တွင်ရှိနေနိုင်သော မေးခွန်းအချို့ကို ဖြေဆိုပေးပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ပို၍အသေးစိတ်သိရှိရန် ကျွန်ုပ်တို့၏ အကူအညီ စင်တာဘေးကင်းရေး စင်တာပွင့်လင်းမြင်သာ စင်တာတွင် ဝင်ရောက်ကြည့်ရှုပြီး ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ဖတ်ရှုပါ။ သင့်တွင် မေးမြန်းစရာရှိလျှင် ကိုယ်ရေးလုံခြုံမှု မူဝါဒရှိ အသေးစိတ်အချက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည် သို့မဟုတ် ကျွန်ုပ်တို့၏ အွန်လိုင်းဖောင်ကို ဖြည့်သွင်းနိုင်သည်။


ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။